အစ္စရေးရောက် မြန်မာ ၁ ဦး ပြောပြတဲ့ အစ္စရေး- ဟားမတ်စ် စစ်ပွဲ

ရွှေနွယ် (မဇ္စျိမ) ။ ။ ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က သဲကန္တာရအတွင်း Nova ဂီတပွဲတောင်ကျင်းပနေစဥ် ဟားမတ်စ်အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဝေဟင်ကရော မြေပြင်ကပါ ဝင်ရောက်တ်ိုက်ခိုက်ခဲ့မှုကြောင့် ဂီတပွဲတော်မှာရောက်ရှိနေတဲ့ အစ္စရေး ၂၅၀သေဆုံးပြီး ရာနဲ့ချီတဲ့ဓားစာခံတွေကိုလည်း ဟားမတ်စ်ကဖမ်းဆီးသွားကြောင်း အစ္စရေးဘက်က ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ အစ္စရေးက ဂါဇာဘက်ကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်နေပါတယ်။ ဒါ့အပြင် မြေပြင်ထိုးစစ်တွေလည်း ဂါဇာဘက်ကို ချီတက်နေကြပါတယ်။ ဂါဇာကို အစ္စရေးဘက်ကထောက်ပံ့ထားတဲ့ ရေ၊ လျှပ်စစ်နဲ့ အခြားသော စားနပ်ရိက္ခာတွေကိုလည်း ဖြတ်တောက်လိုက်ပြီး ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်ခြမ်းမှာနေထိုင်သူ ၁ သန်းကျော်ကို တောင်ဘက်ပိုင်းကို ၂၄ နာရီအတွင်း ထွက်သွားဖို့အတွက်ကိုလည်း အစ္စရေးကာကွယ်ရေးဌာနဘက်က ကြေညာထားပါတယ်။ ဒီလိုနှစ်ဖက်ပဋိပက္ခတွေကြားမှာ သေဆုံးရသူဟာ ထောင်နဲ့ချီရှိနေပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးရသလို အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေဟာလည်း သိန်းချီနေပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ အစ္စရေးနိုင်ငံသားအချင်းချင်းကြားထဲမှာဘယ်လိုပြောဆိုမှုတွေရှိနေသလဲ၊ အစ္စရေးရောက်မြန်မာတွေအနေနဲ့ရော ဘာတွေကြုံတွေ့နေရလဲ၊ စစ်ပွဲကြာရှည်လာတာနဲ့အမျှ အစ္စရေးရောက်မြန်မာတွေအတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံ Tel Aviv မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား Jacob Benjamin ကို မဇ္ဈိမသတငƟ
Back to Top