’’ရက်ရက်စက်စက်ဘာကြောင့်လည်လှီးသတ်ရတာလဲသိချင်ပါတယ်။အမှန်တ ရားကိုဖော်ထုတ်အရေးယူပေးစေချင်ပါတယ်။’’

’’ရက်ရက်စက်စက်ဘာကြောင့်လည်လှီးသတ်ရတာလဲသိချင်ပါတယ်။အမှန်တ ရားကိုဖော်ထုတ်အရေးယူပေးစေချင်ပါတယ်။’’ BNA(အင်တာဗျူး) ရသေ့တောင်၊စက်တင်ဘာ ၁၆။ ရသေ့တောင်မြို့နယ်၊မယူကမ်းဒေသမှာ စက်တင်ဘာလ ၁၆ ရက်၊ဒီနေ့ မန က် ၉ နာရီကျော်အချိန်က အလယ်တ န်းပြကျောင်းဆရာမတစ်ဦးလည်လှီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေ၊ပညာရေးအသိုင်းအဝိုင်းနဲ့ဒေသခံတွေက အတည်ပြုပြောကြပါတယ်။ အဲဒီကျောင်းဆရာမဟာ ရသေ့တောင်မြို့နယ်၊မယူကမ်းဒေသ၊ပေါက်တောကျေးရွာမှ အဖ----နဲ့အမိ----ရဲ့သမီး၊အ သက် ၂၇ နှစ်အရွယ်၊မ-----ဖြစ်ပါတယ်။ သူမဟာ ဒီနေ့မနက် ၉နာရီကျော်ခန့်က ပေါက်တောရွာမှ ပန်းဖော်ပြင်ရွာသို့ စာ သင်ဖို့သွားတဲ့အချိန် လမ်းမှာလည် လှီးသတ်ဖြတ်ခံရတာဖြစ်ပါတယ်။ အဲဒီမှာအဝတ်အစားဖရိုဖရဲနဲ့ဖြစ်နေသ လိုအတင်းအဓမ္မပြုကျင့်ခံထားရတဲ့ပုံတွေ့ရတယ်လို့လည်း ကိုယ်တိုင်မြင်တွေ့ရသူတွေက ဆိုကြပါတယ်။ အဲဒီဆရာမအလောင်းကို ဆေးရုံသို့မယူဆောင်သွားကြဘဲ ဒီနေ့ညနေမှာချက်ချင်းမြေမြုပ်လိုက်ကြပါတယ်။ အဲဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့သူ့မရဲ့အစ်မဖြစ်သူကို Border News Agency က ဆက်သွယ်မေးမြန်းထားပါတယ်။
Back to Top